" အ မု န်း သ န် ရ င် ၊ အ မှုန်း ခံ ရ မယ် "
" အ မု န်း သ န် ရ င် ၊ အ မှုန်း ခံ ရ မယ် " အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ မုန်းစွဲနဲ့ သေရင်လည်း အသေလှတဲ့သူမဖြစ်နိုင်ဘူး။ သူက ပိုဆိုးတယ်။ မုန်းစွဲနဲ့ သေလို့ရှိရင်လည်း အပါယ်လေးဘုံရောက်တာကတော့ အသေမလှဘူးဆိုတာ အထူးပြောစရာ မလိုတော့ဘူး။ သေခါနီးလေးမှာ မုန်းစွဲလည်း စွဲတော့ စွဲတယ်။ ဒါပေမဲ့ ကုသိုလ်ကံအာရုံလေးကလည်း တွဲပြီးတော့ ထင်လာတယ်ဆိုရင်... စိတ်ဆိုတာက အင်မတန် အဖြစ်အပျက်မြန်တာကိုး။ လက်ဖျောက်တစ်ချက်တီး ကုဋေတစ်သိန်းတောင်ဖြစ်တယ်။ စွဲစိတ်နဲ့ ကုသိုလ်၊ အကုသိုလ်ကလည်း တစ်လှည့်စီ ဖြစ်နေကြတာ။ စွဲတဲ့စိတ်ကလေး ပေါ်လိုက်၊ ကုသိုလ်အာရုံလေး ပေါ်လိုက်။ စွဲတဲ့စိတ်ကလေး ပေါ်လိုက်၊ အကုသိုလ်အာရုံလေး ပေါ်လိုက်နဲ့ ဒီလို တစ်လှည့်စီ ပေါ်နေတာနော်။ စွဲစိတ်ဖြစ်တဲ့အချိန် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် မဖြစ်ဘူး။ ကုသိုလ်စိတ်၊အကုသိုလ်စိတ်ဖြစ်တဲ့အချိန် စွဲစိတ် မဖြစ်ဘူး။ တစ်လှည့်စီ ဖြစ်နေကြတာ။ ဒါပေမဲ့အပြောင်းအလဲက မြန်လွန်းတဲ့ အတွက် တစ်ပြိုင်တည်းဖြစ်နေသလို ထင်ရတာပေါ...